Friday, November 18, 2016

Binary Trading စတင်ဖို့


Binary မှာ Trade လုပ်ဖို့အတွက်

(1) Gmail Account
(2) Perfect Money(PM) Account
(3) Binary Account တွေ ပြုလုပ်ရမယ်။


(1)       Gmail အကောင့်ဖွင့်နည်းကိုတော့ မပြောတော့ပါဘူး။

(2)  ငွေသွင်းငွေထုတ်လုပ်ဖို့ အတွက် Perfect Money(PM) အကောင့်ဖွင့်ဖို့ လိုအပ်ပါတယ်။ PM အကောင့်ဆိုတာ Westen Union လို ကမ္ဘာကျော်ဘဏ်ကြီးတွေနဲ့ပါ ချိတ်ဆက်ထားတဲ့ ဆိုက်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အွန်လိုင်းဘဏ်စနစ်ဖြစ်ပါတယ်။ 
       အကောင်ဖွင့်နည်းပြောပါမယ်။
   
                    
                    https://perfectmoney.is/?ref=7939609 ကို သွားပါ။











 (3) Trading Account ဖွင့်နည်း

အကောင့်မဖွင့်ခင် အထူးသတိပေးချင်တာက Binary မှာ 
တရားဝင်မှတ်ပုံတင်ဖို့ အတွက် ပတ်စပို့ သို့မဟုတ် ယဉ်မောင်းလိုင်စင် ရှိရင
ပိုအဆင်ပြေပါတယ်။ ဒါတွေ မရှိရင် မှတ်ပုံတင်ကိုပဲ ဘဏ်အကောင့်နဲ့ တွဲပီး 
ပို့ပေးရင်လဲ တရားဝင်နိုင်ပါတယ်။
အကောင်းဆုံးကတော့ ယဉ်မောင်းလိုင်စင်ပါပဲ။ မရှိရင်လဲ သူများလိုင်စင်ကိ
ဓာတ်ပုံရိုက်ပို့ခိုင်းပြီး လုပ်ရင် ရပါတယ်။

Binary မှာ အကောင့်ဖွင့်တဲ့အခါပတ်စပို့၊ယဉ်မောင်းလိုင်စင်၊မှတ်ပုံတင်ထဲက 
နာမည်၊မွေးက္ကရာဇ်အတိုင်း အတိအကျ ထည့်ရပါမယ်။
အကောင့်ဖွင့်ရတာ လွယ်ပေမယ့် အဲ့ဒီအကောင့် Verified ဖြစ်ဖို့ 
မလွယ်ပါဘူး။ Verified မဖြစ်ရင် ငွေထုတ်တဲ့အခါ ထုတ်မရပါဘူး။
ဒါကြောင့် ဘယ်ပတ်စပို့နဲ့ ဖွင့်မလဲ ဘယ်ယဉ်မောင်းလိုင်စင်နဲ့ 
ဖွင့်မလဲဆိုတာကို အရင်စီစဉ်ထားပါ။
    

Wednesday, November 16, 2016

Forex ဆိုတာ ဘာလဲ

Forex ဆိုတာဘာလဲ ?
အခြေခံအားဖြင့်တော့ Forex Market ဆိုတာ ဘဏ်တွေ၊ စီးပွါးရေးလုပ်ငန်းတွေ၊ အစိုးရတွေ၊ ရင်းနှီးမြုပ်နှံသူတွေ နဲ့ အရောင်းအ၀ယ်လုပ်သူတွေ အနေနဲ့ ငွေကြေးများကို လှဲလှယ်တဲ့နေရာ၊ ရင်းနှီးမြုပ်နှံတဲ့နေရာကို ခေါ်နိုင်ပါတယ်။ 
 
Forex market ကို ‘Fx market’, ‘Currency market’, ‘Foreign exchange currency market’ နဲ့ ‘Foreign currency market’ လို့လည်း ရည်ညွှန်းခေါ်ဝေါ်ကြပါသေးတယ်။

ဒီမားကတ်ဟာ ကမ္ဘာ့အကြီးဆုံး ငွေဖြစ်လွယ်တဲ့ မားကတ်ကြီးဖြစ်ပြီးတော့ နေ့စဉ် ဒေါ်လာ ဘီလျံပေါင်းများစွာကိုအလဲအလှယ်အရောင်းအ၀ယ်လုပ်နေကြတာဖြစ်ပါတယ်။
မားကတ်ဟာ တစ်ပတ်လျှင် ၅ ရက်ဖွင့်ပြီး တစ်ရက်လျှင် ၂၄ နာရီဖွင့်ပါတယ်။ အဓိက
မားကတ်ဟာ ဆိုလျှင် အရေးပါသော London, New York, Tokyo, Zurich, Frankfurt, Hong Kong, Singapore, Paris နဲ့ Sydney စသော ပိုမိုအရေးပါတဲ့ အိတ်ချိန်းများရဲ့ မတူညီသော ဒေသစံတော်ချိန်၊ မားကတ်အဖွင့်အပိတ်ချိန်ကို မူတည်ပြီး တပတ်လျှင် ၅ရက် တစ်ရက်လျှင် ၂၄ နာရီအရောင်းအ၀ယ်လုပ်လို့ပါတယ်။
တစ်ခုသိထားရမှာက Forex Market မှာ Central Market ဆိုတာမရှိပါဘူး။ Central Market ဆိုတာက ကမ္ဘာ့လုံးဆိုင်ရာဗဟိုဈေးကွက် နဲ့ နိုင်ငံဆိုင်ရာ ဗဟိုဈေးကွက်ကိုဆိုလိုတာဖြစ်ပါတယ်။ ဆိုလိုတာက တကမ္ဘာ့လုံးမှာ အိတ်ချိန်းတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ နိုင်ငံအလိုက်ကျပြန်တော့ ယင်းနိုင်ငံရဲ့ အိတ်ချိန်းမှာ အဓိကထားအရောင်းအ၀ယ်လုပ်တာမဟုတ်ပဲ၊ Over the Counter လို့ခေါ်တဲ့ အိတ်ချိန်းပြင်ပ မားကတ်တွေမှာ အရောင်းအ၀ယ်လုပ်တာလည်းများစွာပါဝင်ပါတယ်။
Forex မှာ ရည်ညွန်းတဲ့ ဈေးနှုန်းတွေဟာ အဓိကဘဏ်ကြီးများကို မှီငြမ်းထားတာဖြစ်ပါတယ်။ ဘဏ်အားလုံးမှာ ထပ်တူတူညီတဲ့ဈေးတော့မရှိကြပါဘူး။ ကျွန်တော်တို့ဆီမှာလည်း CB Rate, KBZ Rate စသဖြင့် အနည်းငယ်မတူညီတဲ့ နှုန်းတွေရှိကြသလိုပါပဲ။ Forex မှာကျတော့ ဒီလို ဈေးနှုန်းမတူညီမှု၊ လဲလှယ်နှုန်းမတူညီမှုကို ကျွန်တော်တို့ရဲ့ Forex Broker တွေက သက်ဆိုင်ရာ ဘဏ်တွေကနေမတူညီတဲ့နှုန်းထားတွေကို ရယူပြီး အနီးစပ်ဆုံးပျမ်းမျှယူပြီး သက်ဆိုင်ရာ Trading Platform (ဥပမာ Meta Trader4) မှာ ပြသကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Meta Trader 4 ဆိုတဲ့ Trading Platform မှာ ကြည့်တဲ့ Currency Pair တွေရဲ့ နှုန်းထားတွေဟာ ကမ္ဘာ့အရပ်ရပ် (မြန်မာမပါ) က ဖြစ်ပေါ်နေတဲ့ငွေကြေးဈေးနှုန်းနဲ့ ကွာဟမှုမရှိသလောက်ဖြစ်ပါတယ်။
ဒီနေရာမှာ Broker ဆိုတဲ့ စကားလုံးတစ်လုံးပိုလာပြီးဖြစ်ပါတယ်။ အထက်က ကျွန်တော်ရေးသားခဲ့သလိုပါပဲ ဒီဈေးကွက်က ဗဟိုမားကတ်မရှိတဲ့အတွက် အရောင်းအ၀ယ်လုပ်တဲ့ ကမ္ဘာ့အရပ်ရပ်က Traders များအတွက် အရောင်းအ၀ယ်လုပ်ရာ မှာသော်လည်းကောင်း၊ ငွေကြေးလွဲပြောင်းရာမှာသော်လည်းကောင်း ကြီးစွာသော အခက်အခဲဖြစ်ရပါတယ်။ မြန်မာမှာဆို CB Bank ကဈေးချိုရင် သူ့ဆီ ပြေးဝယ်၊ KBZ မှာ တစ်ကျပ်လောက်အမြတ်ရရင် ပြေးရင်စသဖြင့်
အဲလိုပေါ့။ Online Market မှာကျတော့ ဒီလိုမဟုတ်ပါဘူး။ တစ်နေရာတည်း၊ တထိုင်တည်း အင်တာနက်ကနေ နိုင်ငံပေါင်းများစွာကိုတလှည့်စီသွားစရာမလိုဘဲ ကလစ်တစ်ချက်အနှိပ်မှာ အရောင်းအ၀ယ်လုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်နဲ့ ငွေကြေးလွဲပြောင်းမှု ထိရောက်မြန်ဆန်ဖို့ ဒီ Broker ဆိုတာတွေက ကြားကနေ ဆောင်ရွက်ပေးပါတယ်။ တခြားတနည်းအားဖြင့်တော့ ကျွန်တော်တို့က ငွေကြေးတစ်ခုကို ၀ယ်ယူမယ်ဆိုရင် ၀ယ်ယူလိုတဲ့ပမာဏကို Broker ကနေပြန်ရောင်းပေးတယ်ပေါ့ဗျာ။

Forex မှာ အရောင်းအ၀ယ် (Trading) လုပ်ဖို့ ဘာတွေလိုသလဲ ?

Forex-မှာအရောင်းအ၀ယ်လုပ်တာဆိုတာက ငွေကြေးတစ်မျိုးကို အခြားမတူတဲ့ ငွေကြေးတစ်မျိုးနဲ့ အရောင်းအ၀ယ်လုပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က ယူရိုငွေကြေးက ယူအက်စ်ဒေါ်လာနဲ့ယှဉ်ရင် ဈေးတက်မယ်လို့ယူဆမယ်ဆိုရင်
ကျွန်တော်တို့အနေနဲ့ ဒီယူရိုကို အနိမ့်ဆုံးဈေးတစ်ခုမှာ ၀ယ်လိုက်ပါတယ်။ ဈေးတက်လာရင် မြတ်မယ်ဆိုပြီးမျော်လင့်ချက်နဲ့ပေါ့။ ဈေးတက်လာရင် ခုနက အနိမ့်မှာ ၀ယ်ထားတဲ့ ယူရိုကို ပြန်ရောင်းထုတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့အတွက် အမြတ်ရမယ်ပေါ့။ အကယ်၍များ အဲလိုမဟုတ်ဘဲ ယူအက်စဒေါ်လာက အားကောင်းပြီး ဈေးထပ်ကျသွားမယ်ဆိုရင် ကျွန်တော်တို့ ရှုံးမယ်ပေါ့။ ဒါက အခြေံယူဆချက်လေးတင်ပြတာပါ။
ဒီနေရာမှာ အထက်က ဥပမာကို ဆင်ခြင်ကြည့်ရင် Forex Market မှာ ကျွန်တော်တို့အတွက် အမြတ် (Reward) ရှိသလို၊ အရှုံး (Risk ) ရှိတယ်ဆိုတာကိုလည်း သတိပြုမိပါလိမ့်မယ်။ နောက်ပိုင်းများမှာတော့ ဒီလို ဈေးတက်နိုင်ချေရှိသလား၊
ဈေးတက်နိုင်ချေရှိသလားဆိုတာကို သုံးသပ်တဲ့ Analysis အပိုင်းများကိုလည်း တင်ပြဖို့ရည်ရွယ်ထားပါတယ်။

Forex Market က ဘာလို့နာမည်ကြီးသလဲ ?

Forex Trader တစ်ယောက်ဖြစ်ခြင်းအားဖြင့် အခြားသော Professional များနဲ့ မတူတဲ့ Lifestyle တစ်ခု အံသြဖွယ် Life style ကို ရရှိပါလိမ့်မယ်။
 ဒါပေမယ့် ဒီလို Forex Trader တစ်ယောက်ဖြစ်ဖို့ကတော့ လွယ်ကူလွန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားသူ၊ စည်းကမ်းစနစ်ကောင်းမွန်သူဆိုရင် ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနိုင်ပါတယ်။
Forex Market မှာ ၀င်ရောက်ဖို့ ပညာရှင်တွေညွှန်ပြတဲ့ လိုအပ်တဲ့ Skill တွေကတော့

- Ability – စွမ်းဆောင်ရည်
(ဒါကတော့ စိတ်ပိုင်းဆိုင်ရာ အားပါမှုလိုအပ်တာကို ဆိုလိုပါတယ်။ စိတ်ဆန္ဒမရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး)

- Confidence – မိမိကိုယ်ကို မိမိယုံကြည်မှု
( တနည်းအားဖြင့် မိမိနဲ့ မိမိရဲ့ Trading စနစ်တွေယုံကြည်မှုရှိရပါမယ်။ ယုံကြည်မှုရှိရမယ်ဆိုတာက Over Confidence ကို မဆိုလိုပါဘူး။)

- Dedication – ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်မှု
(မိမိအနေနဲ့ Professional Forex Trader တစ်ယောက်ဖြစ်အောင် ရည်းမှန်းအကောင်အထည်ဖေါ်နေရပါမယ်။)

- Discipline – စည်းကမ်းစနစ်ကျမှု
(စိတ်အားထက်သန်မှုနဲ့အတူ မိမိဆောင်ရွက်ရမယ့် ဆောင်ရွက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမယ်၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုရှိရမယ်လို့ ဆိုလိုပါတယ်။)

- Flexibility – ပျော့ပြောင်းရမယ်၊ ပြင်လွယ်ပြောင်းလွယ်ရမယ်။
( လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့ မားကတ်အခြေနေနဲ့ ပြောင်းလဲမှုတွေအတိုင်း လိုက်ပါပြောင်းလဲနိုင်ပြီး အောင်မြင်အောင်ဆောင်ရွက်ရမယ်။)

- Focus – အာရုံစူးစိုက်မှုကောင်းရမယ်။
(ဆိုလိုတာက မိမိရဲ့ Trading Plan တွေ၊ Strategy တွေမှာ စူးစိုက်မှုကောင်းကောင်းနဲ့ အလုပ်လုပ်ရမယ်။)

- Logic – ယုတ္တိကျရမယ်။
(ဆိုလိုတာက မားကတ်မှာဖြစ်နေတာတွေကိုကျော်ပြီး တကယ်ပြင်ပမှာ ဖြစ်နေနိုင်တာက ချိန်ထိုးစဉ်းစားရမယ်)

- Organization – ကောင်းမွန်သော အလေ့အကျင့်များကို စုစည်းအားကောင်းအောင်ဆောင်ရွက်ရမယ်။

- Patience – စိတ်ရှည်သည်းခံနိုင်မှုရှိရမယ်။
(သဘောက မားကတ်ထဲကို ၀င်မယ်ဆိုရင် တကယ်အမြတ်ရနိုင်ချေ၊များနိုင်ချေအခြေနေကို စောင့်ပြီး အရောင်းအ၀ယ်လုပ်ရမယ်)

- Realism – အမှန်တရားကိုသိရမယ်။
(ဆိုလိုတာက Trading လုပ်ခြင်းဖြင့် ကောက်ကာင်ကာ ချမ်းသာသွားတာမျိုးကို မစဉ်းစားဖို့နဲ့ Market နဲ့ Trading ရဲ့ တကယ်အမှန်အခြေနေကိုမြင်ဖို့ပါ။)

- Savvy – ဗဟုသုတပြည့်ဝရမယ် (မားကတ်နဲ့ပတ်သတ်တဲ့ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးအခြေနေများကိုလည်း မျက်ခြေမပြတ်လေ့လာနေရမယ်။)

- Self-control – မိမိကိုယ်ကို မိမိထိန်းချုပ်နိုင်ရမယ်၊ (မိမိနိုင်သလောက်သော အရင်းအနှီးပမာဏနဲ့သာ အရောင်းအ၀ယ်လုပ်ရမယ်၊ အခြားသော မိမိအတွက် မသင့်တော်တဲ့အပြုအမူမျိုးမလုပ်မိစေရဘူး)

Forex Traders အနေနဲ့ ကျွန်တော်တို့ဟာ မြင့်မားတဲ့ Leverage နဲ့ လှုပ်ခတ်မှုများသော Forex Market မှာ ယူတတ်ရင် အကျိုးကျေးဇူးတွေများစွာရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေ အသုံးချနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ အထက်က အချက်များအပြင် သင်ယူမှု၊လေ့လာမှုကိုလည်း မပြတ်လုပ်ဆောင်နေရပြီး လိုအပ်တဲ့ Skill တွေ၊ Strategy တွေကို ရှာဖွေရပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုကလည်း အရေးကြီးတဲ့ နေရာကပါဝင်ပြီး ကျွန်တော်တို့ဟာ အမြတ်များများကို မြန်မြန်ရနိုင်သလို၊ အရှုံးများများကိုလည်း မြန်မြန်ရင်ဆိုင်ရနိုင်ပါတယ်။
Forex မှာ အရေးကြီးဆုံး ငွေကြေးစီမံခန့်ခွဲမှု Money Management ကတော့ အရောင်းအ၀ယ်မလုပ်မှီ မိမိဘယ်လောက်ပမာဏအရှုံးခံနိုင်သလည်းဆိုတာ တိတိကျကျသိဖို့ပါပဲ။ သဘောက အမြတ်၊အရှုံးကို ကန့်သတ်ထားနိုင်ဖို့ပါ။ ဒါမှ လက်ရှိအခြေနေမှာ အရှုံးပေါ်ခဲ့လျှင်လည်း နောက်အခြေနေတစ်ခုကျရင် ပြန်စနိုင်ဖို့ဖြစ်ပါတယ်။ ဒါက အလွယ်ဆုံးငွေကြေးစီမံခန့်ခွဲဖို့အတွက် အိုင်ဒီယာတစ်ခုလေးသာဖြစ်ပါတယ်။ ဒီကနေတဆင့် ဖြန့်ကျက်စဉ်းစားနိုင်ကြပါစေ။

ဘယ်သူတွေက Forex Trade လုပ်ကြတာလဲ ?

အထက်မှာ တင်ပြခဲ့သလိုမျိုး ဘဏ်တွေကအစ Traders အဆုံး ဒီမားကတ်ထဲမှာ အရောင်းအ၀ယ်လုပ်ကြပါတယ်။ ထပ်မံပြီး နည်းနည်းအသေးစိတ်လေးထပ်ပြောရရင်တော့ .................
- Banks – ဘဏ်အချင်းချင်းအရောင်းအ၀ယ်လုပ်တဲ့ မားကတ် (Interbank market) မှာဆိုရင် ငွေကြေးလွဲပြောင်းမှု၊ အရောင်းအ၀ယ် လုပ်မှုဟာ နေ့စဉ် Billion နဲ့ချီပဲ ဆောင်ရွက်နေကြပါတယ်။ ဒါကိုကြည့်ပြီး Forex Market ရဲ့ Volume ကို သိနိုင်ပါလိမ့်မယ်။ ဒီပမာဏထဲမှာ ဘဏ်ဆိုင်ရာငွေကြေးလည်ပတ်အတွက်သာမကပဲ တစ်ခါတရံ ဖောက်သည်များအတွက်ဆောင်ရွက်တာလည်းပါပါတယ်။

- Companies – Companies တွေကလည်း သူတို့ရဲ့ အရောင်းအ၀ယ်မှာသုံးဖို့အတွက်နဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေအတွက် ပေးချေဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို foreign exchange marke ခေါ် Forex Market ကိုအသုံးပြုပြီး ဆောင်ရွက်ကြရပါတယ်။ နေ့တဓူဝ Forex Market မှာဆို ဒီလို Company များရဲ့ နိုင်ငံခြားငွေဝယ်လိုအား (လိုအပ်ချက်) ကလည်း အရေးကြီးတဲ့ နေရာကပါဝင်ပါတယ်။

- Governments / Central banks – နိုင်ငံတစ်နိုင်ငံရဲ့ ဗဟိုဘဏ်များဟာ ထိုနိုင်ငံရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းကပါဝင်ပါတယ်။ ငွေကြေးလည်ပတ်မှု၊ ငွေကြေးဖေါင်းပွမှု၊ အတိုးနှုန်းများကို ထိန်းညှိကစားရင်း ဗဟိုဘဏ်များဟာ ၄င်းတို့နိုင်ငံရဲ့ ငွေကြေးတန်ဖိုး အတက်၊အကျကို ထိန်းချုပ်ပါတယ်။ ဒါ့အပြင် ထားရှိတဲံ နိုင်ငံခြားအရံငွေကြေးကို ကိုင်တွယ်ရင်း မားကတ်ကို တည်ငြိမ်အောင်လည်း ဆောင်ရွက်ကြပါတယ်။

- Hedge funds – Hedge funds ဆိုတာကတော့ အကြမ်းအားဖြင့် မိမိငွေကြေးများကို စီမံခန့်ခွဲပြီး မြင့်မားသော အမြတ်အစွန်းရအောင် ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းများဖြစ်ကြပါတယ်။ မြင့်မားသော အမြတ်အစွန်းရဖို့အတွက် သူတို့ရဲ့ Strategy
များက Risk များတတ်ပါတယ်။ ဒီနေရာမှာ Hedge Funds အကြောင်းရှင်းပြတာမဟုတ်လို့ အကြမ်းသဘောလေးသာ မှတ်ထားပေးကြပါ။ Hedge Funds များဟာ Investors များစွာရဲ့ ငွေကြေးတွေကိုလည်ပတ်နေတဲ့ အဖွဲ့စည်းများဖြစ်လို့
သူတို့ဆီက အရောင်းအ၀ယ်လုပ်တဲ့ပမာဏဟာလည်း ကြီးမားပါတယ်။

- Individuals – Individuals များဆိုတာကတော့ တစ်ဦးချင်း ငွေလှဲလယ်တဲ့ပုံစံပါ။ ဥပမာ ကျွန်တော်တို့ နိုင်ငံခြားတစ်ခုခုကိုသွားတယ်ဆိုပါစို့ လေဆိပ် ဒါမှမဟုတ် exchange counter တစ်ခုခုမှာ မိခင်ငွေကြေးနဲ့အခြားငွေကြေးကို
လဲလှယ်ကြတယ်မဟုတ်လား။ ဒီလိုမျိုးလှဲလှယ်မှုကိုခေါ်တာပါ။ ဒါတွေကလည်း Individuals ဆိုပေမယ့် Forex Market ထဲပဲနှီးနွယ်နေပါတယ်။

Investors – Investment firms လို့ခေါ်တဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများဟာ သူတို့ရဲ့ clients များအတွက် စတော့၊ဘွန်းစတဲ့ Portfolio များကို စီမံခန့်ခွဲပေးကြပါတယ်။ ဒီလိုလုပ်ငန်းမျိုးဆောင်ရွက်ရာမှာ Fx market ကိုအသုံးပြုပြီး transactions တွေလုပ်ကြရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ကိုင်တွယ်ဆောင်ရွက်တဲ့ portfolio များဟာ နိုင်ငံတစ်ခုထဲကဟာတွေမဟုတ်ဘဲ နိုင်ငံတကာက စတော့တွေ၊ဘွန်းတွေဖြစ်နေလို့ပါ၊ ဒါကို Foreign Security လို့ခေါ်ပါတယ်။

- Retail Forex traders – လက်လီအရောင်းအ၀ယ်လုပ်တဲ့ သူတွေကိုခေါ်ပါတယ်။ ကျွန်တော်တို့တွေလိုပေါ့။ ဒီ Retail Forex Trading တွေက နေ့စဉ်တိုးတိုးလာနေတယ်လို့ သုတေသနပြုမှုတွေက ပြောကြပါတယ်။ ဒါကဘာကြောင့်လည်းဆိုတော့
လွယ်ကူစွာ ရွေးချယ်စရာများတဲ့ Broker တွေရှိလာတယ်။ Trading လုပ်တဲ့ Platform တွေက လွယ်ကူရိုးရှင်းလာတယ်။ အင်တာနက်စနစ်တွေ ကမ္ဘာ့အရပ်ရပ်မှာ ပိုမိုတွင်ကျယ်အသုံးဝင်လာတယ်။ စတာတွေကြောင့်ပါ။ Retail Forex traders များအနေနဲ့တော့ သက်ဆိုင်ရာ Broker များမှ မှတ်ပုံတင်ပြီး အကောင့်ဖွင့်ပြိးတာနဲ့ မားကတ်ကို တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ ဒီ Retail Traders များရဲ့ နေ့စဉ်အရောင်းအ၀ယ်လုပ်တဲ့ ပမာဏကလည်း မားကတ်မှာ အလွန်ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြင့် ရှိနေပါတယ်။
အထက်မှာရေးသားခဲ့တာတွေကတော့ ဘယ်သူတွေ မားကတ်ထဲပါဝင်နေတာလည်းဆိုတာ သိစေဖို့အဓိကရည်ရွယ်ပါတယ်။ တစ်ခုချင်းစိရင် အသေးစိတ်ရှင်းပြထားတာတွေကိုတော့ ယေဘုယျလို့
မှတ်ယူစေလိုပါတယ်။

မားကတ်မှာဒီလိုအရာတွေ ပါဝင်နေတဲ့ အတွက်ကြောင့် Forex Market ဟာ မည်သည့်အခါမှ တိမ်ကော ပပျောက်သွားမယ့် မားကတ်တစ်ခုမဟုတ်ပါဘူး။ နိုင်ငံတွေ ရှိနေသ၍ ငွေကြေးဆိုတာရှိနေမှာပါ။ ငွေကြေးဆိုတာ ရှိနေသ၍ ငွေကြေးဈေးကွက်ဟာ ဆက်လက်ရှိနေမှာသာဖြစ်ပါတယ်။

Forex Market မှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်သလဲ ?

အကျိုးကျေးဇူးတွေကတော့ များစွာရှိနိုင်ပါတယ်။ အနည်းငယ်လေးတော့ တင်ပြပေးပါမယ်။
- Forex Market ဟာ ကမ္ဘာ့မှာ အကြီးဆုံးငွေကြေးဆိုင်ရာမားကတ်ကြီးတစ်ခုဖြစ်ပါတယ်။ နေ့စဉ် Trilllion နဲ့ ချီပြီး အရောင်းအ၀ယ်လုပ်နေကြပါတယ်။ ဒါက ဘာကိုပြောသလည်းဆိုတော့ ငွေဖြစ်လွယ်မှုကောင်းတယ်၊ မြန်ဆန်တယ်ပေါ့။
- တစ်ပတ်လျှင် ၅ ရက်၊ တစ်ရက်လျင် ၂၄ နာရီ မိမိအဆင်ပြေတဲ့အချိန်မှာ အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။
- လွယ်ကူစွာနဲ့ မားကတ်ကို ၀င်ရောက်နိုင်တယ်။ Trading account ဖွင့်တာရော၊ ငွေသွင်း၊ငွေထုတ်လုပ်ရာတွင်ပါ လွယ်ကူစွာလုပ်နိုင်ပါတယ်။ မိမိတတ်နိုင်သလောက်နဲ့ စပြီး အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။
- မိမိအရောင်းအ၀ယ်လုပ်လိုရာ ငွေကြေးအတွဲအနည်းငယ်ကိုသာ အာရုံစူးစိုက်ပြီး အရောင်းအ၀ယ်လုပ်လို့လည်းရပါတယ်။
- အင်တာနက်ကော်နက်ရှင်ရှိတဲ့ ကမ္ဘာရဲ့ ဘယ်နေရာကမဆို အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။
- အရောင်းအ၀ယ်အတွက် ကော်မရှင်ပေးမလား၊ Spread ပေးမလားဆိုတဲံ့ ရွေးချယ်စရာရှိပါတယ်။ ကော်မရှင်ရော၊ Spread လို့ခေါ်တဲ့ ရောင်းဈေး၊၀ယ်ဈေးကြားကွာဟမှုကိုပါ နှစ်ခုစလုံးပေးစရာမလိုပါဘူး တစ်ခုရွေးချယ်ခွင့်ရှိပါတယ်။
- Two Way Market ပုံစံဖြစ်သောကြောင့် ဈေးကျသည်ဖြစ်စေ၊ ဈေးတက်နေသည်ဖြစ်စေ အမြတ်ရှာနိုင်ပါတယ်။
- အမြဲအတမ်းအတက်ကျဖြစ်နေသော မားကတ်ဖြစ်တဲ့အတွက် မိမိအတွက် အမြတ်အစွန်းရှာနိုင်မယ့် အခွင့်အရေးတွေ အခါမလပ်တွေ့ရတတ်ပါတယ်။
ယခုတစ်ပတ်ရေးသားချက်များကို ဒီနေရာမှာပဲ အဆုံးသတ်ပါရစေ၊ ရေးသားချက်များဟာ Forex ဆိုတာ ကြားဖူးနားဝရှိပြီး ဘယ်ကနေစလေ့လာရမှန်းမသိသော မိတ်ဆွေများအတွက်နှင့် သေချာသော ရင်းနှီးမြုပ်နှံမှုတွင် မိမိကိုယ်တိုင် ကြိုးစားပြီး အမြတ်အစွန်းရှာဖွေလိုသော Online Earners များအတွက်လည်းကောင်း ရည်ညွှန်းပါတယ်။
Credit to Linzaya Kyaw